ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ မြန်မာ့သနပ်ခါးအကြောင်းဟောပြောပွဲနှင့် သနပ်ခါးလိမ်းချယ်ပွဲကျင်းပ

ဒဂုံအရှေ့ မတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သော မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထင်ရှားလာစေရန်နှင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို မြန်မာအမျိုးသမီးများ တန်ဖိုးထားထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ မြန်မာ့သနပ်ခါးအကြောင်းသိကောင်းစရာ ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဆောင်ရွက်ခဲ့ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်‌နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငြိမ်းကြည်ရွှေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူက မြန်မာ့သနပ်ခါးနှင့် ပတ်သတ်သော ရိုးရာ‌ဓလေ့၊ ယဉ်ကျေးမှုများအကြောင်း ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး ဦးဝင်းကိုကိုလတ် (ဖိုးလောင်းတူး-ဥပဒေ) က သနပ်ခါး၏အဓိပ္ပါယ် မြန်မာသနပ်ခါးနှင့် ပတ်သတ်သော အကြောင်းအရာများကို ဆွေးနွေး‌ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်‌နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များအား သနပ်ခါးနံသာကို လိမ်းခြယ်ပေးခဲ့ကြောင်း သိရသည်။

ဇွဲမင်းထက်