ပြည်ကြီးတံခွန်မြို့နယ်(ဃ)ရပ်ကွက်တွင် မီးလောင်မီးလန့်မှုမဖြစ်ပွားစေရန်  ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်

ပြည်ကြီးတံခွန်   မတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်တွင် ယမန်နေ့နံနက် ၈ နာရီခွဲအချိန်မှစ၍ မီးဘေးအန္တရာယ်ကကြိုတင်ကာကွယ်နိုင်ရန် မီးလောင်မီးလန့်မှုမဖြစ်ပွားစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍  အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ဖြင့် ပူးပေါင်းကာ (ဃ) ရပ်ကွက်ရှိ အိမ်ခြေ(၁၅၀)ခန့်တို့အား တစ်အိမ်တက်ဆင်းကာ မီးသုံးစွဲမှုများနှင့် မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ ရေ၊ သဲနှင့် မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိစေရေးမှာကြားကာ လိုအပ်သည်များကိုလည်း အကြုံပြုဆွေးနွေး ပြောကြားခဲ့သည်။ ယင်းနောက် မီးသတိပေး လက်ကမ်းစာစောင်များကို အဆိုပါရပ်ကွက်ရှိ ပြည်သူများအား လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)