ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့အကြို ပြပွဲ/ပြိုင်ပွဲများကျင်းပ

ချမ်းမြသာစည်   မတ်   ၂၅

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းသား/သူများကို “မျိုးချစ်စိတ်ဓာတ်” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပ‌ဟေဠိပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၅)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား/သူများအား မြို့နယ်ဦးစီးမှူးနှင့် သင်တန်းနည်းပြများက ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး ကျောင်းသား/သူများသည် ခန်းမအတွင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် တက်ရောက်လာသော ကျောင်းသား/သူများအား တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ နွေရာသီသင်တန်း(အခမဲ့)၌ တက်ရောက်‌နေကြသော ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ချမ်းမြေ့