ကျောက်တလုံးကြီးမြို့တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ကျောက်တလုံးကြီး  မတ် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် နောင်တောင်းကျောင်းတိုက်ဆရာတော်မှဦးစီး၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပထမနိမ္မိတသပိတ်မြတ် စေတီတော်တွင် ယမန်နေ့ နံနက် ၈ နာရီက ကျင်းပသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျောက်တလုံးကြီးမြို့၊ ပထမနိမ္မိတသပိတ်မြတ်စေတီတော်ပတ်လည်တွင် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများက သံဃာတော် (၉၈)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူကြပြီး အောင်ဇမ္ဗူလောင်းဓမ္မာရုံတွင် ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်၊ အနုမောသနတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

ဇော်နိုင်လင်း