ဟိုပုံး မတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဘာသာရပ်အလိုက် သင်ကြားမည့် ဆရာဆရာမများ၏ အရည်အသွေး ပိုမိုမြင့်မားလာစေရန်၊ အခြေခံပညာအထက်တန်းအဆင့် သင်ကြားသင်ယူမှု ပိုမိုထိရောက်အောင်မြင်လာစေရန်၊ အခြေခံပညာအထက်တန်းအဆင့် ဆရာဆရာမများ ဘာသာရပ်အလိုက် သင်ကြားသင်ယူမှု ပိုမိုကျွမ်းကျင်လာစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက်(၉) နာရီအချိန်ကစတင်ကာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အဆိုပါသင်တန်းအား မတ်လ(၂၄)ရက်နေ့မှ မတ်လ(၂၈)ရက်အထိ (၄)ရက်တာ၊ သင်တန်းနည်းပြ ဆရာဆရာမ ၁၂ ဦး၊ သင်တန်းကြီးကြပ် ဆရာဆရာမ ၄ ဦးဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့မှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စုစုပေါင်း ဆရာဆရာမ ၁၅၉ ဦး တက်ရောက်ခဲ့ကာ အထက်တန်းအဆင့်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များအားလည်းကောင်း၊ အလယ်တန်းအဆင့်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်းနှင့် သိပ္ပံဘာသာရပ်များအားလည်းကောင်း ဆွေးနွေးပို့ချလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်ထံက သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)