ဟိုပုံးမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းခွဲ (ပေါင်လင်း)၌ အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်းဖွင့်လှစ်ပို့ချ

ဟိုပုံး မတ် ၂၄

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်းခွဲ (ပေါင်လင်း)၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

အဆိုပါဆွေးနွေးပွဲသင်တန်းသို့ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများမှ မူလတန်းအဆင့် ဆရာ၊ ဆရာမ (၄၀၉) ဦး တက်ရောက်ခဲ့ပြီး၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၄၀) ဦး၊ သင်တန်းကြီးကြပ် ဆရာ၊ ဆရာမ (၄) ဦးဖြင့် ဆွေးနွေးပို့ချမည်ဖြစ်ကာ၊ ဆွေးနွေးပွဲသင်တန်းအား မတ်လ (၂၄) ရက်နေ့မှ မတ်လ (၂၈) ရက်နေ့အထိ (၄) ရက်တာ ဖွင့်လှစ်ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်ထံက သိရသည်။

ပအိုဝ်းဒေသ (ပြန်/ဆက်)