မိုင်းယန်း မတ် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုင်းလွေကျေးရွာအုပ်၊ ယန်းခိုင်ကျေးရွာ၌ ကုန်ထုတ်လမ်းလမ်းသစ် (၄)ဖာလုံအား ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများမှ အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားတွင် မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းသန့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးစိုင်းလှိုင်ခမ်းက အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်ကျော်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကျေးရွာကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးရခြင်းနှင့်ပတ်သတ်၍ ကျေးရွာနေပြည်သူတို့၏ ကုန်ထုတ်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ရေရှည်တည်တံ့အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် ရှင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးဦးလင်းသန့်မှ ကျေးရွာကုန်ထုတ်လမ်းသစ်အား လွှဲပြောင်းပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးမှ လက်ခံရယူခဲ့ပြီး ကျေးရွာနေပြည်သူအားလုံးကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတို့မှ ကျေးရွာကုန်ထုတ်လမ်းသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး