ပုဗ္ဗသီရိ မတ် ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခြေခံချည်ထိုးနည်းသင်တန်းကို ယမန်နေ့က အဆိုပါရုံး ပြည်သူ့စာကြည့်တိုက်၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆွေဆွေအေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဒီဇိုင်နာချယ်ရီက သင်တန်းတွင် သင်ကြားပို့ချမည့်ဘာသာရပ်များနှင့်ပက်သက်၍ ရှင်းလင်းပြောကြားကာ အခြေခံချည်ထိုးနည်းများကို စတင်သင်ကြားပေးခဲ့သည်။
အဆိုပါ အခြေခံချည်ထိုးနည်းသင်တန်းသို့ ကျောင်းသူ ၂၀ ဦး တက်ရောက်ခဲ့ပြီး မတ်လ ၂၃ ရက်နေ့မှ ၂၅ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)