နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြော

နမ့်စန်(တ) မတ် ၂၄

ရှမ်းပြည်နယ်တောင်ပိုင်းနမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ကျင်းပရာ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က ပလတ်စတစ်၏ဆိုးကျိုး၊ ထိခိုက်ပျက်စီးမှုများ၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနည်းလမ်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များကို အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲသို့ ပန်းချီရေးဆွဲနည်းအခြေခံသင်တန်းမှ သင်တန်းသား၊ သင်တန်းသူ (၃၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။                                               

သူရအောင်(နမ့်စန်)