ကျေးသီးမြို့နယ်ရှိ ဌာနဆိုင်ရာရုံးများသို့ မီးဘေးအန္တရာယ်ကင်းဝေးရေး ကွင်းဆင်းစစ်ဆေး

ကျေးသီး မတ် ၂၄

မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယနေ့ (၁၀) နာရီက မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဝင်းကြိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ကျေးသီးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ထားမှု ရှိ/မရှိ တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးမြင့်ဝင်းကြိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်လျှပ်စစ်မှူးရုံးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတို့အား ကွင်းဆင်းစစ်ဆေးရာ မီးဘေးလုံခြုံရေးအတွက် အထူးဂရုပြုဆောင်ရွက်သွားရန်၊ မီးဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့် ဆောင်ရန်/ရှောင်ရန် အချက်များ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး မီးဘေး ရုံးများတွင် အသုံးပြုနေသည့် လျှပ်စစ်မိန်းခုံများနှင့် လျှပ်စစ်မီးကြိုးများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ မီးဘေးအန္တရာယ်ကြုံတွေ့ပါက ရေရယူသုံးစွဲရန် အဆင်ပြေမှု ရှိ/မရှိ၊  မီးသတ်ဆေးဘူးများ အရည်အသွေးပြည့်မီမှု ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စိုင်းငင်း (ပြန်/ဆက်)