လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း) မတ်၂၄

ယာဉ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှကြီးမှူး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေး​ခြင်းများပြုလုပ်၍ အသိပညာပေး အရှိန်အဟုန်မြင့်တင် နေ့စဥ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉)နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။

အဆိုပါပြုလုပ်ဆောင်ရွက်​ခြင်းကို တပ်ဖွဲ့စု(၆၈)မှ ရဲအုပ်အေးသန္တာဝင်နှင့် ရဲတပ်ဖွဲ့ဝင်များက တွံတေးတံတားကားလမ်း ပန်းလှိုင်တံတားအနီး ယာဉ်အန္တရာယ်မဖြစ်စေရန်နှင့် ယာဉ်အန္တရာယ်လျော့ကျနိုင်စေရန် မော်တော်ယာဉ်များကို စစ်ဆေးခြင်းများပြုလုပ်ကာ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများ ဆောင်ရန်/ရှောင်ရန် အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့် နေ့စဥ်ပြုလုပ်ဆောင်ရွက်ကြပြီး ကုန်တင်ယာဉ်များကို ခေါင်မိုးဖွင့်မောင်းနှင်စေရန်နှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းးစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်သန်း(ပြန်/ဆက်)