မိုင်းဖြတ်မြို့နယ်၌ မူလတန်း၊ အလယ်တန်းအဆင့် အရည်အ​သွေးမြှင့် ​ဆွေးနွေးပွဲသင်တန်း ဖွင့်လှစ်

မိုင်းဖြတ် မတ် ၂၄

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ဆရာ၊ ဆရာမများ၏ သင်ကြား​ရေးအရည်အသွေး ပိုမိုတိုးတက်​ကောင်းမွန်လာ​စေ​ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် မူလတန်း၊ အလယ်တန်းအဆင့် အရည်အ​သွေးမြှင့် ​ဆွေး​နွေးပွဲသင်တန်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က(မိုင်းဖြတ်)၌ ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်ပညာ​ရေးမှူး ဦးကြည်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အမှာစကားများ​ပြောကြားခဲ့သည်။

ထို့​နောက် သင်တန်းကို ဆက်လက်ဆွေး​နွေးပို့ချရာ အလယ်တန်းအဆင့် နည်းပြ ၆ ဦး၊ မူလတန်းအဆင့်နည်းပြ ၆ ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှု​ရေးနှင့် အနုပညာ စသည့် ဘာသာရပ်များကို ​ဆွေးနွေးပို့ချသွားမည်ဖြစ်​ကြောင်း သိရသည်။

အဆိုပါသင်တန်းကို မတ်လ ၂၄ ရက်နေ့မှ ၂၈ ရက်​နေ့ထိ ​ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ အလယ်တန်းအဆင့်သင် ဆရာ၊ ဆရာမ (၃၆) ဦး၊ မူလတန်းအဆင့်သင် ဆရာ၊ ဆရာမ (၈၀)ဦး စုစု​ပေါင်း (၁၁၆)ဦး တက်​ရောက်​ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)