ရွှေကူမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ဖြေဆိုပြီးစီး

ရွှေကူ မတ် ၂၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်များကို အေးချမ်းအောင်မြင်ဖြေဆိုပြီးစီးခဲ့ကြသည်။

ရွှေကူမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စတင်ဖြေဆိုသည့်နေ့မှစ၍ ယနေ့နောက်ဆုံး ဘာသာရပ်ဖြေဆိုသည့်နေ့ရက်အထိ၊ စာရင်းရှိ (၇၃၉)ဦးအနက် (၇၁၅)ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်သူ (၂၄)ဦးရှိကြောင်းနှင့် ဖြေဆိုသည့် ရာခိုင်နှုန်းမှာ(၉၆ ဒဿမ ၇၅)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရပြီး   တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာ‌ရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့်  နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားမိဘများ၏ ပူးပေါင်းကူညီပံ့ပိုးဆောင်ရွက်မှုများဖြင့် အေးချမ်းအောင်မြင်စွာဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)