ကျောက်ပန်းတောင်းမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများဆင်းပွဲ ကျင်းပ

ကျောက်ပန်းတောင်း မတ် ၂၂

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် ၂၀၂၅ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းများ ဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ညောင်ဦးခရိုင်အားကစားနှင့်ကာယပညာဦးစီဌာန ခရိုင်ဦးစီးမှူး ဒေါ်ညိုညိုထွေးက သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။ ဆက်လက်၍ ညောင်ဦးခရိုင် ဦးစီးမှူး၊ မြို့နယ်အားကစားမှူးနှင့် တာဝန်ရှိသူများက သင်တန်းအလိုက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသား/ သင်တန်းသူများ၏ အဖွဲ့လိုက်သရုပ်ပြသမှုများအား ကြည့်ရှုအားပေးကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ အခြေခံအားကစားသင်တန်းများကို ၂၀၂၅ ခုနှစ် မတ်လ(၁)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ အခြေခံဘောလုံးသင်တန်းတွင် သင်တန်းသား ၄၀ဦး၊ ကရာတေးသင်တန်းတွင် သင်တန်းသား ၂၀ ဦးနှင့် မေရိုးဗစ်သင်တန်းတွင် သားတန်းသူ ၂၀ ဦး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၈၀)ဦး တက်ရောက် ခဲ့ကြောင်း သိရပြီး သင်တန်းဆင်းပွဲသို့ ညောင်ဦးခရိုင် အားကစားမှူး ဒေါ်ညိုညိုထွေး၊ ကျောက်ပန်းတောင်းမြို့နယ် အားကစားမှူး ဦးအောင်ကိုကိုလတ်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသားသင်တန်းသူများနှင့် မိဘများ စုစုပေါင်း ၈၀ ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)