ပြင်ဦးလွင် မတ် ၂၁
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့(International Day of Forests) အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်းရှိ ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် ဗွီဒီယိုပြသခြင်းနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ (International Day of Forests ) အထိမ်းအမှတ် အခမ်းအနားတွင် ခင်းကျင်းပြသထားသည့် နံရံကပ်ပြဘုတ်များအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)