ပြည်ကြီးတံခွန်မြို့နယ် (Community Centre) ခန်းမ၌ ဆပ်ပြာဆီလုပ်နည်းသင်တန်းပြုလုပ်

ပြည်ကြီးတံခွန် မတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၁၁)နာရီအချိန်က ဆပ်ပြာဆီလုပ်နည်း သင်တန်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆပ်ပြာဆီ ပြုလုပ်ရာတွင် မိမိတို့ အိမ်မီးဖိုချောင်များတွင် သုံးစွဲမှုသက်သာချောင်ချိစေရန် ရည်ရွယ်၍ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းအဖွဲ့များ၊ မြို့နယ်အမျိုးရေးအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ပါဝင်ပစ္စည်းများဖြစ်သည့် ဆား၊ အရောင်၊ ရေသန့် (၂၀)လီတာ၊ အနံ့၊ အရသာ၊ ဂျယ်လ်တို့ဖြင့် ပေါင်းစပ်ကာ  ဆပ်ပြာဆီ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)