မြစ်သား မတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးမှူး ရုံးကြီးကြပ်မှုအောက်ရှိ မြစ်သားမူလတန်းကြိုကျောင်းနှင့် မိဘဆရာအသင်းမှ ကြီးမှူးကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးက အဖွင့်အမှာစကား ပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန မြစ်သားမူလတန်းကြိုကျောင်းမှ မိဘဆရာအသင်းဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုး၊ မြစ်သားမြို့မူလတန်းကြိုကျောင်းမှ ဆရာမကြီးများ၊မိဘဆရာအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရင်သွေးငယ်လေးများအား မူလတန်းကြိုကျောင်း ပညာသင်ယူပြီးစီး၍ ကျောင်းဆင်းလက်မှတ်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ သားငယ်သမီးငယ်လေးများမှ ပဒေသာအကများဖြင့်လည်းကောင်း မြန်မာ့ရိုးရာ သင်္ကြန်အကများဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)