မန္တလေးမြို့ အမှတ်(၂) မူလတန်းကြိုကျောင်း "ပဒေသာကပွဲ" အခမ်းအနား ကျင်းပ

မဟာအောင်မြေ မတ်၂၁

မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးမြို့ အမှတ်(၂) မူလတန်းကြိုကျောင်းတွင် ကျောင်းတွင်းပဒေသာကပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူဇာအောင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် အမှတ်(၂) မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးကြွယ်နှင့်သားငယ်/သမီးငယ်လေးများ၏ ကိုယ်စား(စ)တန်းမှ သမီးငယ်လေး မဟန်သီငြိမ်းဝေတို့မှလည်း အသီးသီးကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး မန္တလေးမြို့ အမှတ် (၂) မူလတန်းကြိုကျောင်းမှ သားငယ်/သမီးငယ်လေးများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမှတ် (၂) မူလတန်းကြိုကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပဒေသာကပွဲ အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း (ပြန်/ဆက်)