အောင်မြေသာစံ မတ် ၂၂
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ Community Centre ခန်းမ၌ နွေရာသီအခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းကို မတ် ၁၉ ရက်မှ ၂၁ ရက်အထိ ပန်းချီဆရာ ဦးမော်စန်း(မြောက်ပြင်တာ်က ကိုရွှေမော်)က သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နွေရာသီပန်းချီသင်တန်းရှိ သင်တန်းသား၊ သင်တန်းသူ(၄၀)ဦးတို့ကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က အချိုရည်များ တိုက်ကျွေးကြကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)