ပြင်ဦးလွင် မတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ စာစစ်ဌာနများ၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/ကျောင်းသူများ ရူပဗေဒ၊ သမိုင်းဘာသာရပ် ဖြေဆိုမှုကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့တို့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူးက စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဖြေဆို/ပျက်ကွက်သူ ဦးရေစာရင်းများကို ရှင်းလင်းတင်ပြရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က စာမေးပွဲအခန်း တာဝန်ကျကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ စာမေးပွဲဖြေဆိုနေသည့် ကာလအတွင်း မလိုအပ်သည့်အသံများ ဆူညံမှုမဖြစ်ပွားစေရေး ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် စာဖြေခန်းအတွင်း/အပြင် သန့်ရှင်းရေး လေဝင်လေထွက်ကောင်းမွန်ရေးနှင့် အလင်းရောင် လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ စာမေးပွဲကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ စာစစ်ဌာန (၅)ခုတွင် စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၃၅၁၀)ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် ရူပဗေဒနှင့် သမိုင်းဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ (၃၃၅၃)ဦးနှင့် ပျက်ကွက် (၁၅၇)ဦးရှိသည်။
ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၅.၅၃) ရာခိုင်နှုန်းဖြစ်ရာ ပျက်ကွက်ရာခိုင်နှုန်းမှာ (၄.၄၇)ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)