မိုင်းယောင်း မတ် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့ ညနေပိုင်း၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက စက်သုံးဆီဆိုင်များ လမ်းနယ်နိမိတ်ကျော်လွန်နေခြင်းကို ဖယ်ရှားပေးနိုင်ရေးဆွေးနွေးပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စက်သုံးဆီအရောင်းပိုင်ရှင်များက ပြန်လည်ဆွေးနွေးခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)