ဟိုပုံး မတ် ၂၂
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၈) နာရီအချိန်မှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း ဟိုပုံးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
ဟိုပုံးမြို့နယ်တွင် ပင်စင်စားအငြိမ်းစားနိုင်ငံ့ဝန်ထမ်း စုစုပေါင်း (၅၂၅) ဦးရှိပြီး မြန်မာ့စီးပွားရေးဘဏ်မှ လစဉ် (၂၁)ရက်နေ့မှ လကုန်ရက်အထိ ရုံးဖွင့်ရက်တိုင်း ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း အကြောင်းအမျိုးမျိုးမျိုးကြောင့် ပင်စင်လစာလာရောက် မထုတ်ယူနိုင်သည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား နောက်လ လဆန်းပိုင်းမှစ၍ ရုံးဖွင့်ရက်တိုင်း ပင်စင်လစာများ ထုတ်ယူခွင့်ပြုကြောင်း ဟိုပုံးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်မန်နေဂျာထံက သိရသည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)