ကျိုင်းလပ်မြို့၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကျိုင်းလပ် မတ် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာပေကိုမြတ်နိုးတန်ဖိုးထားသူများတိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်(၉)နာရီက “ခေတ်တံခါး ခေတ်စကား” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူများအသင်းမှ(Book Club)အဖွဲ့ဝင် ဦးဆွေလတ် ဦးဆောင်၍ စာရေးဆရာ ချစ်စံဝင်း ရေးသားထားသော “ခေတ်တံခါး ခေတ်စကား”စာအုပ်မှ လူငယ်များ နှောင်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုခေါင်းစဉ်၌ပါရှိသော ရင်းနှီးမြှုပ်နှံမှုဟုဆိုရာတွင်အိမ်ခြံမြေများ ဝယ်ယူထားခြင်းသည် အရင်းနှီးကောင်းတစ်ခုဖြစ်ကြောင်း၊ နိုင်ငံခြားတွင်ရှယ်ယာများဝယ်ခြင်းသည်လည်းအကျိုးရှိကြောင်း ရှင်းလင်းပြောကြား၍ သာဓကများဖြင့် အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး၊ (Book Club)အဖွဲ့ဝင် ဒေါ်ဝေဝေက “စည်းကမ်းရှိသော်လည်း စေတနာမပါလျှင် မဟန်” ဟူသော ခေါင်းစဉ်၌ပါရှိသောအကြောင်းအရာများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော စာပေဝါသနာရှင်များက စာအုပ်ပါအကြောင်းအရာများကို  အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှု့ခဲ့ကြပြီး ပြည်သူများအနေဖြင့်စာအုပ်စာပေချစ်မြတ်နိုးခြင်း၊ စာပေဖတ်ရှု့လေ့လာခြင်းစသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်နှင့် အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)