ညောင်ရွှေ မတ် ၂၂
မီးခိုးမြူငွေအန္တရာယ် ဝိုင်းဝန်းစုပေါင်းကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၉)နာရီက ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာ ခွဲခြမ်းဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကားပြောကြားပြီး တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိန်မောင်ဌေးက မီးခိုးမြူငွေ့များအကြောင်း၊ မီးခိုးမြူငွေ့များဖြစ်ပေါ်လာရသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့များကြောင့်ဖြစ်ပေါ်လာသည့် ဆိုးကျိုးများ၊ မီးခိုးမြူငွေ့များဖြစ်ပေါ်နေချိန်တွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်မှု လျှော့ချနိုင်မည့် နည်းလမ်းများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသည့် ရည်မှန်းချက်တာဝန်များနှင့် ပြည်သူများအတွက် ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားခဲ့ကြပြီး ဒေသခံပြည်သူများ၏ မေးမြန်းတင်ပြချက်များကို သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ