ကျိုင်းတုံမြို့၌ ရဲတပ်ဖွဲ့လုပ်ထုံးလုပ်နည်းဆိုင်ရာ (မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ကျိုင်းတုံ မတ် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် ရဲတပ်ဖွဲ့လုပ်ထုံးလုပ်နည်းဆိုင်ရာ(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဆင်းပွဲကို  ယမန်နေ့က ကျိုင်းတုံမြို့၊  အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီးသန့်ဇင်က ရဲလုပ်ထုံးလုပ်နည်းဆိုင်ရာလုပ်ငန်းများ သိရှိစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းက ပို့ချလေ့ကျင့်ပေးသည့် သင်ခန်းစာများကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးပြုနိုင်ရေး အလေးအနက်ထား မှတ်သားလေ့လာကြရန် အမှာစကားပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်ပစ္စည်များ ပေးအပ်ခဲ့ကြသည်။  

သင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများမှ တပ်ဖွဲ့ဝင် သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တက်ရောက်ပြီး မတ် ၁၀  ရက်မှ ၂၁ ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)