မိုင်းနောင် မတ် ၂၁
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ မိုင်းနောင်မြို့ရုံး Community Center တွင် မြန်မာ့သနပ်ခါးယဥ်ကျေးမှုဓလေ့အထိမ်းအမှတ် လှုပ်ရှားမှုနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြန်မာ့သနပ်ခါးသည်မြန်မာနိုင်ငံ၏ ရာသီဥတုနှင့်ကိုက်ညီ ပြီးမြန်မာအမျိုးသမီးများအားလုံး ရှေးနှစ်ပေါင်းများစွာကပင် အမြတ်တနိုးတန်ဖိုးထားသည့် အကြောင်းအရာများအား နံရံကပ်စာစောင်များတွင်ပြသကာ ဒေသခံတိုင်းရင်းသူများနှင့် မြန်မာ့သနပ်ခါးယဥ်ကျေးမှုဓလေ့လှုပ်ရှားမှုတွင် ပါဝင်သောအမျိုးသမီးများကသနပ်ခါးသွေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင်၊ရင်းရင်းနှီးနှီး လိမ်းခြယ်ပေးခြင်းဆောင်ရွက်ကာ ပြသထားသော နံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့သည်။
အဆိုပါဆောင်ရွက်မှုတွင် မိုင်းနောင်မြို့ဌာနဆိုင်ရာများမှ အမျိုးသမီးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လားဟူတိုင်းရင်းသူများ၊ ရှမ်းတိုင်းရင်းသူများနှင့် မြန်မာတိုင်းရင်းသူများကလာရောက် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မနန်း (မိုင်းနောင်)