ကျောက်ဆည် မတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း (၆) ခုရှိပြီး နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ မိုးကြိုဝါသီးနှံများကို စီမံကိန်းသီနှံအဖြစ်သတ်မှတ်ကာ တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး သီးနှံများအောင်မြင်ဖြစ်ထွန်းရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများကို ရေမြောင်းများဖြင့် အလှည်ကျပေးဝေလျက်ရှိကြောင်းနှင့် (၂၀၂၄-၂၀၂၅) ခုနှစ်တွင် တစ်မုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းခစန်းတွင် ပဲတီစိမ်းသီးနှံ (၉၉၈၆) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းမှ မိုးကြိုပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ဇီးတော၊ နွားတက်၊ တမုတ်မြောင်းရေများဖြင့် လက်ပံပင်ကျေးရွာတွင် (၁၇၆) ဧက၊ မယ်ဇယ်ပင်ကျေးရွာတွင် (၁၉၀) ဧက၊ တံစိုးကျေးရွာတွင် (၃၅၂) ဧက၊ သူငယ်တော်ကျေးရွာတွင် (၁၉၅) ဧက၊ ပွတ္တိုင်ကျေးရွာတွင် (၁၄၂၄) ဧက၊ မြောင်းဦးကျေးရွာတွင် (၆၆၀) ဧက၊ နောက်သာဂရကျေးရွာတွင် (၉၈၅) ဧက၊ ရွာပုလဲကျေးရွာတွင် (၅၄၁) ဧက၊ ကတဲကျေးရွာတွင် (၉၁၄) ဧက၊ ပနံကျေးရွာတွင် (၃၈၀) ဧက၊ ဇရပ်ဖြူကျေးရွာတွင် (၄၄၄) ဧက၊ သင်ပုတ်ကျေးရွာတွင် (၉၆၃) ဧက၊ ညောင်ရွေကျေးရွာတွင် (၅၄၈) ဧက၊ ရွာနန်းကျေးရွာတွင် (၇၀၅) ဧက၊ ငါးအိုးကျေးရွာတွင် (၂၉၅) ဧက၊ လက်ပံကျေးရွာတွင် (၃၁၉) ဧက၊ ညောင်ဝန်းကျေးရွာတွင် (၅၀၈) ဧက၊ ကြောင်ပန်းကုန်းကျေးရွာတွင် (၃၈၇) ဧက စုစုပေါင်း (၉၉၈၆) ဧက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ မိုးကြိုပဲတီစိမ်းသီးနှံများ လျာထားချက်ပြည့်ကျော်လွန်စွာ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် အောင်မြင်ဖြစ်ထွန်းစေရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေပေးမြောင်းများအလိုက် စိုက်ပျိုးရေများလုံလောက်စွာ အလှည်ကျစနစ်ဖြင့် ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်