၂၀၂၅ ခုနှစ် ပထမသုံးလပတ် မြန်မာ-တရုတ် မီဒီယာ တွေ့ဆုံပွဲကျင်းပ

ရန်ကုန် မတ် ၂၁

၂၀၂၅ ခုနှစ် ပထမသုံးလပတ် မြန်မာ-တရုတ်မီဒီယာတွေ့ဆုံပွဲကို ယမန်နေ့ နံနက် (၉) နာရီက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ WYNDHAM GRAND HOTEL တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မြန်မာ-တရုတ် မီဒီယာတွေ့ဆုံပွဲသို့ ​မြန်မာ​နိုင်ငံဆိုင်ရာ တရုတ်ပြည်သူသမ္မတနိုင်ငံသံရုံးမှ Minister Counselor Dr.. Zheng Zhihong နှင့် သံရုံးဝန်ထမ်းများ၊ ဖူဒန်တက္ကသိုလ်မှ တရုတ်နိုင်ငံလေ့လာရေးဌာန ပါမောက္ခ Zhang Weiwei နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအခြေစိုက် တရုတ်မီဒီယာများနှင့် မြန်မာသတင်းမီဒီယာများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် Minister Counselor Mr. Zheng Zhihong က နှုတ်ခွန်းဆက်စကားပြောကြားပြီး ဖူဒန်တက္ကသိုလ်မှ တရုတ်နိုင်ငံလေ့လာရေးဌာန ပါမောက္ခ Zhang Weiwei က မိတ်ဆက်စကားပြောကြားခဲ့ကြသည်။ ဆက်လက်တက်ရောက်လာကြသည့် မြန်မာနိုင်ငံအခြေစိုက်တရုတ်မီဒီယာများ၊ ပြန်ကြားရေးဝန်ကြီးဌာနကိုယ်စားလှယ်များ၊ မြန်မာမီဒီယာများနှင့် သတင်းဌာနများမှ ကိုယ်စားလှယ်များက တရုတ်နိုင်ငံ၏ Two Sessions အစည်းအဝေးအကြောင်းအရာနှင့် တရုတ်ပုံစံခေတ်မီမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပြကြသည်။

ထို့နောက် မြန်မာမီဒီယာများနှင့် တရုတ်မီဒီယားများက ဆွေနွေးချက်များကို တရုတ်ပြည်သူသမ္မတနိုင်ငံသံရုံးမှ Minister Counselor Dr.. Zheng Zhihong နှင့် ဖူဒန်တက္ကသိုလ်မှ တရုတ်နိုင်ငံလေ့လာရေးဌာန ပါမောက္ခ Zhang Weiwei တို့​က ပြန်လည်ဆွေးနွေးပေးခဲ့၊ ၂၀၂၅ ခုနှစ် ပထမသုံးလပတ် မြန်မာ-တရုတ် မီဒီယာတွေ့ဆုံပွဲကို နေ့လယ်ပိုင်းတွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)