တံတားဦး မတ်၂၁
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ(ပဉ္စမနေ့)ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို တံတားဦးခရိုင်အတွင်း သက်ဆိုင်ရာ စာဖြေဌာနအသီးသီတွင် ယနေ့နံနက်(၉)နာရီအချိန်က ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်း (Grade – 12 ) စာမေးပွဲကို တံတားဦးခရိုင်တွင် စာစစ်ဌာနအနေဖြင့် အထက-တံတားဦး၊ ချောင်းခွစာစစ်ဌာနနှင့် ငါန်းဇွန်စာစစ်ဌာနဟူ၍ သုံးခုရှိပါကြောင်း အ.ထ.က-တံတားဦး စာစစ်ဌာနတွင် ရူပဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၂၁၆)ဦး၊ ကျောင်းသူ(၂၂၉)ဦး စုစုပေါင်း (၄၄၅)ဦး ရာခိုင်နှုန်းအားဖြင့်(၉၆.၁၁) ရာခိုင်နှုန်း၊ သမိုင်းဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၁၅)ဦး၊ ကျောင်းသူ(၉)ဦး စုစုပေါင်း (၂၄)ဦး ရာခိုင်နှုန်းအားဖြင့်(၈၅.၇၁) ရာခိုင်နှုန်းရှိပါကြောင်း၊ ဒါ့အပြင် ချောင်းခွစာစစ်ဌာနတွင်ရူပဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၅၉)ဦး၊ ကျောင်းသူ(၁၀၈)ဦး ရာခိုင်နှုန်းအားဖြင့်(၁၀၀.၀၀) ရာခိုင်နှုန်း၊ သမိုင်းဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၉)ဦး၊ ကျောင်းသူ(၂၁)ဦး စုစုပေါင်း (၃၀)ဦး ရာခိုင်နှုန်းအားဖြင့်(၁၀၀.၀၀) ရာခိုင်နှုန်း ရှိပါကြောင်း၊ ငါန်းဇွန်စာစစ်ဌာနတွင် ရူပဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၁၁၄)ဦး ၊ ကျောင်းသူ(၁၆၂)ဦး စုစုပေါင်း(၂၇၆)ဦး ရာခိုင်နှုန်းအားဖြင့်(၉၅.၅၀) ရာခိုင်နှုန်း သမိုင်းဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၇)ဦး၊ ကျောင်းသူ(၂)ဦး စုစုပေါင်း(၉)ဦး ရာခိုင်နှုန်းအားဖြင့်(၁၀၀.၀၀) ရာခိုင်နှုန်းရှိပါကြောင်း တံတားဦးခရိုင်အနေဖြင့် ရူပဗေဒဘာသာရပ်ဖြေဆိုရန် လာရောက်စာရင်းပေးထားသူ စုစုပေါင်း (၉၁၉)ဦးရှိရာ ဝင်ဖြေဆိုသူ စုစုပေါင်း (၈၈၈) ဦး ရာခိုင်နှုန်းအနေဖြင့် (၉၆.၆၃)ရာခိုင်နှုန်း သမိုင်းဘာသာရပ် ဖြေဆိုရန် လာရောက်စာရင်းပေးထားသူ စုစုပေါင်း (၆၇)ဦးရှိရာ ဝင်ဖြေဆိုသူ စုစုပေါင်း (၆၃) ဦး ရာခိုင်နှုန်းအနေဖြင့် (၉၄.၀၃)ရာခိုင်နှုန်းရှိပါကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည် ။
တံတားဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာဖြေဆိုနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း လိုအပ်သည့်များနှင့် ထူးခြားဖြစ်စဉ်များဖြစ်ပေါ်လာပါကအချိန်နှင့် တပြေးညီတင်ပြကြရန်နှင့် လုံခြုံရေးကိုလည်း အထူးဂရုပြုကြရန်လိုအပ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများ၊ တံတားဦးခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် ဆရာ/များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ စာမေးပွဲကြီးကြပ်ရေးမှူးနှင့် တာဝန်ရှိသူများအား ပြောကြားကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)