နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများ၊ နိုင်ငံတကာအဆင့်မီ ခရီးသွားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၂၁

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် နေပြည်တော်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ငန်းဆောင်ရွက်နေသည့် City Park အမည်ဖြင့် အဆောက်အဦများဆောက်လုပ်၍ နှစ်တို၊ နှစ်ရှည် ငှားရမ်းခြင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ City Park မန်နေဂျာ ဒေါ်သင်းထွဍ်သီတာက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ  နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက  လုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးနိုင်ရေး စနစ်တကျစီမံဆောင်ရွက်စေလိုကြောင်း၊ မြေအောက်ရေ စနစ်တကျသုံးစွဲ‌ ‌ေရးနှင့် မီးဘေးလုံခြုံ‌ရေးကို အလေးထား‌ဆောင်ရွက်စေလိုကြောင်းပြောကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများ လိုက်ပါလျက်  Myanmar Secure Group Co., Ltd. မှ တာဝန်ယူဆောင်ရွက်နေသည့် Jewellery E-commerce Zone Online Market ကျောက်မျက် ရတနာအချောထည် ထုတ်လုပ်ခြင်း၊ ကျောက်မျက် အရိုင်းတုံးများနှင့် အချောထည်များကို Online စနစ်ဖြင့် ပြည်တွင်း၊ ပြည်ပသို့ ရောင်းချခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ ကျောက်မျက်ရတနာ အချောထည် ထုတ်လုပ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး စက်ရုံအတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် နိုင်ငံတကာအဆင့်မီ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ၏ နိုင်ငံတကာအဆင့်မီ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ၏ ဆိုလာစနစ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၊ တပ်ဆင်အသုံးပြုမှု အခြေအနေများ၊ ပတ်ဝန်းကျင် သာယာလှပရေးဆောင်ရွက်မှု၊ ရေဆိုးသန့်စင်ခြင်းစနစ် ကောင်းမွန်မှုရှိစေရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားသား တည်းခိုသူများအတွက် Form-C ကို ညွှန်ကြားချက်နှင့်အညီ မပျက်မကွက် တင်ပြဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပ တည်းခိုနေထိုင်သူများ၏ လုံခြုံရေး၊ အဆောက်အဦလုံခြုံရေးကို အလေးထားဆောင်ရွက်ရန်၊ ဧည့်စာရင်း တိုင်ကြားမှုစနစ် (GLIS) တွင် ဧည့်သည်စာရင်းဖြည့်သွင်းခြင်းကို ပုံမှန်ဆောင်ရွက်ရန် လိုအပ်ကြောင်း တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)