နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ပုဗ္ဗသီရိ   ဒီဇင်ဘာ    

ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်နှင့် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်များကို ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းမှစတင်၍ အခမဲ့ဖြန့်ဝေပေးခဲသည်။

ထိုသို့ဖြန့်ဝေပေးရာတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ထားသည့် ဈေးဆိုင်များ၊ ပုဗ္ဗသီရီဈေးအတွင်းရှိ ဈေးသည်၊ ဈေးဝယ်များနှင့် ပြည်သူတို့အား ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် စုစုပေါင်း(၂၄၈)စောင်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၉၉) နှစ်မြောက်အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ၁၆-၁၀-၂၀၁၉ ရက်တွင် တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ရန်ကုန် ယူနီဗာစတီအက်ဉပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန် ပြုကြသောကျောင်းသားကြီး (၁၁)ဦး၏အမည်များ၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေများ၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း၊ အမျိုးသား အောင်ပွဲနေ့ သန္နိဌာန်ကဗျာနှင့် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ ဖော်ပြပါရှိကြောင်း သိရသည်။

ကံချွန်(ပြန်/ဆက်)