ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင် ပုဇွန်တောင်မြို့နယ်ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

ပုဇွန်တောင် မတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြို့နယ်စာစစ်ဌာနဖြစ်သည့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ဝင်ရောက်ဖြေဆိုလျက်ရှိသည့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့ ဖြေဆိုပြီးစီးရေးနှင့် ကြီးကြပ်ရေး ဆရာ/ဆရာမများ အခက်အခဲများမဖြစ်ပေါ်စေရေးအတွက် ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါကြည့်ရှုစစ်ဆေးခြင်းကို ဗိုလ်တထောင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာတာဝန်ရှိသူများက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား/ ကျောင်းသူများ ဖြေဆိုနေမှု၊ ကြီးကြပ်ရေးဆရာ/ဆရာမများနှင့်တွေ့ဆုံ၍  လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအား ကွင်းဆင်း၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊

ပုဇွန်တောင်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ (၁၁၄)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ကျောင်းသား/ကျောင်းသူများ အဆင်ပြေစွာ ဖြေဆိုပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟန်စုယဉ်