ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(တတိယနေ့) သင်္ချာဘာသာရပ်ဖြေဆိုနေမှုအား ကြည့်ရှုအားပေး

ကွမ်းခြံကုန်း မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ကွမ်းခြံကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့)သင်္ချာဘာသာရပ်ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထိုသို့ အားပေးကြည့်ရှုရာတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်းသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး တွံ‌တေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်နွယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာ‌ရေးမှူး ဒေါ်အေးမြင့်စိန်နှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာစာစစ်ဌာနကြီးကြပ်ရေးမှူးနှင့် တာဝန်ရှိသူများအား ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ဖြေဆိုနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ စာ‌မေးပွဲကျင်းပစဉ်ကာလအတွင်း လိုအပ်သည်များနှင့် ထူးခြားဖြစ်စဉ်များဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ တင်ပြပေးကြရန်၊ လုံခြုံ‌ရေးအထူးဂရုစိုက်ကြရန်နှင့် ယခုနှစ်တွင် ဂုဏ်ထူးရ‌ကျောင်းသား/သူများအား ဆုချီးမြှင့်‌ပေးမည့် အစီအစဉ်ရှိကြောင်း မိဘများအားအသိပေးရန်တို့ကို ပြောကြားခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် ကျောင်းပြင်ပများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ကာ စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)