ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီစိတ်ကြိုက်ရေဆွဲခြင်းပြိုင်ပွဲ ကျင်းပ

ရမည်းသင်း မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ အခြေခံပန်းချီစိတ်ကြိုက်ရေးဆွဲခြင်းပြိုင်ပွဲကို မတ်လ ၂၀ ရက် နံနက်(၉)နာရီတွင် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျောင်းသား/ကျောင်းသူ လူငယ်များ ဗလငါးတန် ပြည့်စုံစေရန်နှင့် ကိုယ်ရည်ကိုယ်သွေးများ ထက်မြက်လာစေရန် ရည်ရွယ်၍ ပန်းချီပြိုင်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ အားလပ်ရက်များအတွင်း ကျောင်းသား/ကျောင်းသူ၊လူငယ်များ အကျိုးရှိစေရန် မတ် ၁၁ ရက် မှစ၍ ပန်းချီဆရာ ဦးဝင်း‌ဇော်က စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပြီး သင်တန်းသား၊သူများ၏ အရည်အချင်းကို စစ်ဆေးရန် ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေခံပန်းချီစိတ်ကြိုက်ရေးဆွဲနည်းပြိုင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးစိန်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးမောင်ရွှေသိန်းနှင့် အဖွဲ့ဝင်များက ကြည်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲဆုရရှိသူများအား မတ် ၂၁ ရက်နေ့တွင် ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရသည်။

ခရိုင် (ပြန်/ဆက်)