ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ အခြေခံချည်ထိုးနည်းသင်တန်းဖွင့်လှစ်

ဥတ္တရသီရိ မတ် ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခြေခံချည်ထိုးနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက အဆို ပါရုံး ပြည်သူ့စာကြည့်တိုက်၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

ဦးစွာ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာ ယနေ့ခေတ် လူငယ်လူရွယ်များအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိ အသုံးချပြီး အိမ်တွင်းလက်မှုပညာများ၊ တီထွင်ဖန်တီးမှုပညာရပ်များ၊ သက်မွေးဝမ်းကြောင်း ပညာရပ်များ၊ အနုပညာ၊ နည်းပညာရပ်များကို လေ့လာသင်ယူခြင်းဖြင့် မိမိတို့၏ဘဝ တိုးတက်ရေး အတတ်ပညာများကို ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဒီဇိုင်နာချယ်ရီက သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များနှင့် ပက်သက်၍ ရှင်းလင်းပြောကြားကာ အခြေခံချည်ထိုးနည်းများကို စတင်သင်ကြားပေးခဲ့သည်။

အဆိုပါ အခြေခံချည်ထိုးနည်းသင်တန်းသို့  ကျောင်းသူ ၂၀ ဦးတက်​ရောက်ခဲ့ပြီး မတ်လ ၂၀ ရက်​နေ့မှ ၂၂ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)