ပြင်ဦးလွင် မတ် ၂၀
လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်စေရန်ရည်ရွယ်၍ ဟောပြောဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် Book Clubအဖွဲ့၀င် ဦးမိုးမှိုင်းက “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးရာတွင် လူငယ်များ မည်သည့်နေရာအရပ်မဆို စတင်လျှောက်လှမ်းပါက ရိုးသားခြင်း၊ ရဲရင့်ခြင်း၊ ကြိုးစားခြင်း၊ ဆုံးဖြတ်ချက်ပြတ်သားခြင်းနှင့် တွေ့ကြုံလေ့လာထားသော အသိပညာ၊ အတတ်ပညာများကို အသုံးပြု၍ လျှောက်လမ်းရန်၊ စာရိတ္တသီလနှင့် ဝါရိတ္တသီလကို အမြဲစောင့်ထိမ်းရန်၊ ယုံကြည်မှု၊ လေးစားမှုနှင့် ချစ်ခင်ရင်းနှီးမှုကိုအခြေခံ၍ လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းများကို အမြဲစောင့်ထိမ်းပြီးကြိုးစားရန် ပြောကြားခဲ့သည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ Book Club အဖွဲ့၀င် ဦးမိုးမှိုင်းနှင့် ကျောင်းသား/ကျောင်းသူ (၂၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သွေးသွေး (ပြန်/ဆက်)