ရန်ကင်း မတ်၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဆက်လက်ဖွင့်လှစ်ခဲ့သည်။
အဆိုပါပန်းချီရေးဆွဲနည်းသင်တန်းတွင် ပန်ချီဆရာခြူးခြူးက ခဲပန်းချီအလင်းအမှောင်၊ ကာလာအလင်းအမှောင်အနိမ့်အမြင့် တုံးအနိမ့်အမြင့်စသည်တို့ကို စာတွေ့/လက်တွေ သင်ကြားပြသပေးလျက်ရှိသည်။
အဆိုပါအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ၁၉-၃-၂၀၂၅ ရက်နေ့မှ ၂၅-၃-၂၀၂၅ ရက်နေ့အထိ နံနက်(၉)နာရီခွဲမှ (၁၁)နာရီခွဲထိ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသူ/သင်တန်းသား စုစုပေါင်း(၆၅)ဦးခန့် သင်တန်းတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
လှလှထွေး(ပြန်/ဆက်)