ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး(၅၂၈၁၉)ဧကစိုက်ပျိုးခဲ့ပြီး နွေစပါး (၁၉၉၈၀) ဧက လျာထားစိုက်ပျိုး

ကျောက်ဆည် မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊‌ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း ဆန်စပါးဖူလုံပိုလျှံရေး ၂၀၂၄-၂၀၂၅ခုနှစ် မိုးစပါး (၅၂၈၁၉) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး နွေစပါး (၁၉၉၈၀) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မိုးစပါးသီးနှံများ ရိတ်သိမ်းရာတွင် အထွက်နှုန်းအနေဖြင့် တစ်ဧက (၉၀.၅၁) တင်းထွက်ရှိပြီး စုစုပေါင်း စပါး (၄၀၃၇၀၁၈) တင်း ထွက်ရှိကြောင်းနှင့် နွေစပါးစိုက်ပျိုးမှုများကို မင်းရဲမြောင်းရေဖြင့် (၁၆၉၂) ဧက၊ သင်းတွဲ မြောင်းရေဖြင့် (၃၆၄၃) ဧက၊ ငပြောင်မြောင်းရေဖြင့် (၁၃၂၄) ဧက၊ ဇီးတောမြောင်းရေဖြင့် (၄၅၀) ဧက၊ နွားတက်မြောင်းရေဖြင့် (၇၇၉၈) ဧက၊ တမုတ်မြောင်းရေဖြင့် (၃၃၀၃) ဧက၊ သင်းဒီးမြောင်းရေဖြင့် (၁၅၀၀) ဧက စုစုပေါင်း (၁၉၉၈၀) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် စပါးသီးနှံများ စိုက်ပျိုးရာတွင်သီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး စိုက်ပျိုးရေးသုတေသနခြံ(ကျောက်ဆည်)နှင့် ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများအား စိုက်နည်းစနစ်များ၊ အပင်ပြုစုပျိုးထောင်ရိတ်သိမ်းခြင်း နည်းပညာများအား အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်လျက်ရှိပြီး ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးများ ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

သက်မောင်၊ ကျောက်ဆည်