အခြေခံစားသောက်ကုန်များ၊ ဈေးကွက်အတွင်း မရှိ မဖြစ် လိုအပ်လျက်ရှိသော ကုန်ပစ္စည်းများကို စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန်များ၊ ဈေးကွက်အတွင်း မရှိ မဖြစ် လိုအပ်လျက်ရှိသော ကုန်ပစ္စည်းများကို စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး ယမန်နေ့က မိတ္ထီလာမြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ပြည်တွင်းမှ ထွက်ရှိသည့် လယ်ယာထွက်ကုန်သီးနှံများအပါအဝင် အခြေခံစားသောက်ကုန်များ၊ ဈေးကွက်အတွင်း မရှိ မဖြစ် လိုအပ်လျက်ရှိသော ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး၊ ဈေးကွက်တွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများနှင့် လွယ်ကူစွာဝယ်ယူရရှိစေရေး၊ ပစ္စည်းပြတ်လပ်မှု မရှိစေရေးအတွက် မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

၎င်းအပြင် မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်ရှိ ကုန်စုံဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ရာ အခြေခံစားသောက်ကုန်များ၊ ဈေးကွက်အတွင်း မရှိ မဖြစ် လိုအပ်လျက်ရှိသော ကုန်ပစ္စည်းများကို စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး၊ နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများ ကုန်စည်ထုတ်လုပ်မှု အခြေအနေများ၊ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ နှင့် ဈေးနှုန်းဈေးကွက် အချက်အလက်များအား  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)