ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ မီးငြှိမ်းသတ်‌ရေးလက်တွေ့သရုပ်ပြ

ကော့မှူး မတ် ၂၀

ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ ဌာနဆိုင်ရာရုံးများ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြခြင်းအား‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ပြောကြားရာတွင် အရေးပေါ်မီးလောင်ကျွမ်းမှုဖြစ်ပေါ်သည့်အခါ စနစ်တကျမီးငြှိမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူးအသုံးပြုနည်းများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီး သတ်ဆေးဘူးများ အဆင်သင့်ထားရှိရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရမည့်လုပ်ငန်းများ လိုက်နာရမည့်အချက်များအား ဟောပြောခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးရဲမင်းနိုင်နှင့် တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့်ဖုံးအုပ် ငြှိမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှ ဝန်ထမ်းများအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ(ပြန်/ဆက်)