ဒေါပုံမြို့နယ် လူထုအေခြပြုဗဟိုဌာနတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးစေရေးနှင့် ဖြတ်ထိုးဉာဏ်များ တိုးတက်စေရေး ဉာဏ်စမ်းပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကျင်းပ

ဒေါပုံ မတ် ၂၀

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်း ပိတ်ရက်ကာလများအတွင်း ကျောင်းသား၊ ကျောင်းသူများ  ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဖြတ်ထိုးဉာဏ်များ တိုးတက်လာစေရေးတို့အတွက် ရည်ရွယ်၍ ဉာဏ်စမ်းပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ဖတ်ကြားရှင်းလင်းပေးခဲ့ပါသည်။ ထို့နောက် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း စာကြည့်တိုက်အသုံးပြုသူ စာဖတ်ပရိသတ် ကျောင်းသား၊ ကျောင်းသူများက စကားပုံဆက်ခြင်း၊ ဉာဏ်စမ်းပဟေဠိများ ဖြေကြားခြင်းနှင့် အင်္ဂလိပ်စာလုံးဆက်ခြင်း စသည့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)