ထန်းတပင်မြို့နယ်၌ နွေရာသီကျောင်းပိတ် ရက်ကာလအခြေခံပန်းချီသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ထန်းတပင် မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်ကာလ အခြေခံပန်းချီသင်တန်းကို (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးတို့ တက်ရောက်လျက်ရှိကြောင်းလည်း သိရသည်။

အဆို သင်တန်းကို မတ်လ (၁၁) ရက်နေ့မှ စတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ (၃) ရက်နေ့အထိ တစ်လကြာဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သလို သင်တန်းတွင် ပန်းချီဆရာဦးဝင်းနွယ် (ပုသိမ်) က အခြေခံပန်းချီပညာရပ်များအား စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပို့လျက်ရှိကြောင်းလည်း သိရသည်။

ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်တွေ နွေရာသီကျောင်းပိတ်ရက်ကာလမှာ အချိန်ကို အကျိုးရှိစွာအသုံးချတက်စေဖို့နဲ့ ပန်းချီပညာကို အခြေခံကနေစပြီးတော့ စနစ်တကျသင်ကြားတက်မြောက်စေဖို့အတွက်ကို ရည်ရွယ်ပြီးတော့ သင်တန်းကို ဖွင့်လှစ်သင်ကြားပေးနေတာပါ လက်ရှိတက်ရောက်လျက်ရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ကနေပြီးတော့ ပန်းချီရေဆွဲနည်းမှတ်စုစာအုပ် တစ်ဦးလျှင်တစ်အုပ်ကိုလည်း လာရောက်လှူဒါန်းပေးလျက်ရှိပါတယ်ဟု မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထွေးက ပြောသည်။

ဇင်မင်းထိုက်