ကျောက်တံတားမြို့နယ်ရုံး၊ Community Centreခန်းမတွင် ကလေးများ စာဖတ်စွမ်းရည်တိုးတက်စေရန် ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

​ကျောက်တံတား မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်ရုံး Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ကလေးများ စာဖတ်စွမ်းရည်တိုးတက်စေရန် ပြိုင်ပွဲနှင်ပြပွဲများ ဆောင်ရွက်ပေးခဲ့သည်။

ကလေးများ လူအများရှေ့တွင် ပြောရဲ၊ ဆိုရဲ ရှိစေရန်နှင့် စာဖတ်စွမ်းရည်တိုးတက်လာစေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ပေးခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဘက္ခဏာများနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကိုကလေးများ သိရှိစေရန် နံရံကပ်ပြပွဲဆောင်ရွက်ပေးခဲ့သည်။

ကျောက်တံတားမြို့နယ်ရုံးအနေဖြင့် ကလေးများ ငယ်စဥ်အခါမှ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာကြည့်တိုက်အား အသုံးချတတ်စေရန် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ ကွန်ပျူတာများ အခမဲ့အသုံးပြု​ခွင့်ပေးထားခြင်းများအပြင် ပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကျောက်တံတား (ပြန်/ဆက်)