ရန်ကုန် မတ် ၂၀
မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းနှင့် ဟောင်ကောင် ယူ-၂၂ အသင်းတို့၏ ခြေစမ်းပွဲကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသည်။
ထိုသို့ မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းနှင့် ဟောင်ကောင် ယူ-၂၂ အသင်းတို့၏ ခြေစမ်းပွဲယှဉ်ပြိုင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ ဘောလုံးပရိသတ်များက ကြည့်ရှုအားပေးကြရာ မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းနှင့် ဟောင်ကောင် ယူ-၂၂ အသင်းတို့သည် ပွဲပြီးဆုံးချိန်တွင် ဂိုးမရှိ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။
မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းနှင့် ဟောင်ကောင် ယူ-၂၂ အသင်းတို့သည် ဒုတိယခြေစမ်းပွဲအဖြစ် မတ်လ (၂၂) ရက်နေ့တွင် သုဝဏ္ဏကွင်း ဧရိယာအတွင်းရှိ လေ့ကျင့်ရေးကွင်း (၁) တွင် ထပ်မံကစားသွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းကို နည်းပြချုပ်အဖြစ် ဂျပန်လူမျိုး Hisashi Kurosaki က တာဝန်ယူဆောင်ရွက်နေပြီး ယခုနှစ်အတွင်း ဆီးဂိမ်းပြိုင်ပွဲ၊ အာဆီယံချန်ပီယံရှစ်နှင့် အာရှခြေစစ်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)