နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းငယ်သင်တန်းအမှတ်စဉ် (၁၃၂) သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန် မတ်လ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့၀န်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) စစ်ရေးပြကွင်းတွင် ယမန်နေ့နံနက် ၇ နာရီအချိန်၌ အရာထမ်းငယ်သင်တန်းအမှတ်စဉ်(၁၃၂) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းဆင်းတပ်ခွဲက မေက္ခချုပ်အား အလေပြုခဲ့ပြီဆက်လက်၍ နိုင်ငံတော်အလံအား အလေးပြုကြသည်။

အခမ်းအနားတွင် ပါမောက္ခချုပ်က သင်တန်းသားစံပြဆုကို သင်တန်းသားအမှတ်-၂၅၇၊ ဦးအောင်ကျော်ဇင်၊ အငယ်တန်းအင်ဂျင်နီယာ-၂၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အားလည်းကောင်း၊ သင်တန်းသူစံပြဆုကို သင်တန်းသူအမှတ်-၁၅၂ ၊ ဒေါ်မိုးစန္ဒာဦး၊ ဒုတိယဦးစီးမှူး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အားလည်းကောင်း၊ သေနတ်ပစ်ထူးချွ န်ဆု၊ စစ်ရေးပြထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကိုလည်းကောင်း ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်း မိန့်ခွန်းပြောကြားရာတွင် သင်တန်းသား၊သင်တန်းသူများသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ထမ်းဆောင်ရမည့် တာဝန်၊ စောင့်ထိန်းရမည့်ကျင့်ဝတ်၊ လိုက်နာရမည့် စည်းကမ်း များကို သိရှိနားလည်ကြပြီး နိုင်ငံတော်က ပေးအပ်လာတဲ့ တာဝန်များကို တက်တက်ကြွကြွ ညီညီညာညာနဲ့ အခက်အခဲမှန်သမျှ ကျော်ဖြတ်ပြီး ရည်မှန်းချက်ရောက်အောင် စည်းစည်းလုံးလုံးဖြင့် ကြိုးစားဆောင်ရွက်သွားကြ ရမှာဖြစ်ကြေင်း၊ နိုင်ငံတော်ကြီးအဓွန့်ရှည်တည်တံ့ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူဆောင်ရွက်နေကြရသည့် သူတွေလည်းဖြစ်ကြေင်း၊ အနာဂတ်နိုင်ငံ့တာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းလူ့စွမ်းအားအရင်းအမြစ်များအနေဖြင့် ဘက်စုံကျွမ်းကျင်မှုရှိတဲ့ ဝန်ထမ်းများအဖြစ် တာဝန်ကျေပွန်စွာ ရပ်တည်နိုင်စေရေးနဲ့ ပြည်သူ့အကျိုးအတွက် စဉ်ဆက်မပြတ် လေ့လာကြိုးပမ်းဆောင်ရွက်နေကြရန်လည်းလိုအပ်ကြေင်း၊ ထို့အပြင် မိမိတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရာမှာ အဂတိတရားကင်းရှင်းပြီး လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝစွာဖြင့် ပြည်သူတို့၏ လိုအပ်ချက်ကို ထိရောက်စွာ ပံ့ပိုးဆောင်ရွက်ပေးနိုင်တဲ့ ဝန်ထမ်းများဖြစ်ရန် လိုကြောင်း၊ သင်တန်းကာလ အတွင်း မိမိတို့လေ့လာဆည်းပူးရရှိခဲ့တဲ့ အတွေးအမြင်၊ ဗဟုသုတများနဲ့ အတွေ့အကြုံများကို မိမိတို့လုပ်ငန်းခွင်မှာ လက်တွေ့ပေါင်းစပ်အသုံးချခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိတို့ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

ယင်းသင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်မှ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ ပါမောက္ခများ၊ သင်ကြား/စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား (၁၈၀) ဦး၊ သင်တန်းသူ (၂၀၉) ဦး စုစုပေါင်း (၃၈၉) ဦးတို့ တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ၆-၁-၂၀၂၅ ရက်နေ့မှ ၁၉-၃-၂၀၂၅ ရက်နေ့ထိ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

အောင်မြင့် (ပြန်/ဆက်)