မြစ်သားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ အချိန်စေ့လွန်အကြွေးကျန်‌ငွေများ ပြန်လည်ပေးဆပ်

မြစ်သား မတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို  တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရှာ ယခုအခါ ကျန်ရှိနေသည့် ကျေးရွာများမှဒေသခံ တောင်သူများက အချိန်စေ့လွန်အကြွေးကျန်းငွေများ ပြန်လည်ပေး ဆပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ချေးငွေများ ပေးဆပ်လာကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှချေးငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်အတွင်းရှိ  ရပ်ကွက်၊ကျေးရွာ (၉၂)အုပ်စုမှကျန်ရှိ သောရပ်ကွက်၊ ကျေးရွာများကို ယခင်နှစ်ချေးငွေ အချိန်မီပြန်လည်ပေးဆပ်ပြီးသည့် ရပ်ကွက်၊ကျေးရွာအုပ်စုများရှိ ဒေသခံတောင်သူများအား ဦးစားပေးထုတ်ချေးပေးလျက်ရှိကြောင်းနှင့် နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးစရိတ် အရင်းအနှီး ရရှိစေရေးအတွက် နှစ်စဉ်ထုတ်ချေးပေးလျက်ရှိပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)