မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းနှင့် တာဝန်ရှိသူများ နွေစပါးစိုက်ပျိုးနေမှုများအား ကြည့်ရှုအားပေး

ကျောက်ဆည် မတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဆည်၊ မြောင်း၊ ချောင်း၊ ကန်ပေါများပြီး ဒေသတွင်းဆန်စပါးဖူလုံပိုလျှံရေး တစ်နှစ်ပတ်လုံးဆန်စပါးကို အဓိကထားစိုက်ပျိုးကြကြောင်းနှင့် ယမန်နေ့နံနက်(၁၀)နာရီက မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းနှင့် တာဝန်ရှိသူများသည် ပတ္တာကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေထုတ်လုပ်ရေးသမဝါယမ အသင်းသားတောင်သူ ဒေါ်မြင့်မြင့်အေး၏ ကွင်းအမှတ်(၂၀၉-က)၊ ဦးပိုင်(၄၁) နွေစပါး(၃)ဧက စိုက်ပျိုးနေမှုများအား ကြည့်ရှုခဲ့ပြီး တစ်ဧကပန်းတိုင်အထွက်နှုန်းပြည့်ဝရေး အားပေးလမ်းညွှန်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။ 

ကျောက်ဆည်မြို့နယ် ပတ္တာကျေးရွာစိုက်ပျိုးရေးနှင့် အထွေထွေထုတ်လုပ်ရေးသမဝါယမအသင်းတွင် နွေစပါးစိုက်ပျိုးသည့် အသင်းသားတောင်သူ(၄၆)ဦးမှ နွေစပါး(၃၀၀)ဧက စိုက်ပျိုးလျက်ရှိကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် နွေစပါးစိုက်ပျိုးသည့် အခြေခံသမဝါအသင်းပေါင်း(၁၁)သင်း၊ အသင်းသားဦးရေ (၃၈၂)ဦး၊ နွေစပါး(၂၀၀၀)ဧက စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

သက်မောင်(ပြန်/ဆက်)