မြောက်ဥက္ကလာပ မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က စာရေးဆရာကြီး နတ်ရှင် (ရွှေဂူ) ရေးသားသည့် “လူငယ်များကို ပျိုးထောင်ပေးပါ" စာအုပ်ပါအကြောင်းအရာများဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြ၀င်းက စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က စာရေးဆရာကြီး နတ်ရှင် (ရွှေဂူ) ရေးသားသည့် “လူငယ်များကို ပျိုးထောင်ပေးပါ" စာအုပ်ပါအကြောင်းအရာများကို အသေးစိတ်ဖတ်ရှုဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက စာအုပ်ပါအကြောင်းအရာ ဖတ်ကြားခဲ့မှုများနှင့် စပ်လျဥ်းပြီး သိရှိလိုသည်များအား မေးမြန်းခဲ့ရာ မေးမြန်းချက်များအပေါ် ပြန်လည်ဖြည့်စွက်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)