ဒဂုံမြို့နယ် မြို့ပြအိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်နေသော အဆောက်အဦးသို့ မြို့တော်၀န် လာရောက်စစ်ဆေး

ဒဂုံ မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်း၊ အရှေ့ရပ်ကွက်၊ အလုံလမ်းနှင့် ဦးဝိစာရလမ်းထောင့်၊ အမှတ် (၃-က)ရှိ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနမှ Basement+(၂)ထပ်+၉ထပ်တိုက် (slab Roof) ဆောက်လုပ်လျက်ရှိသောနေရာသို့ ယမန်နေ့နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးမှုတွင် မြို့တော်စည်ပင်မှဥက္ကဋ္ဌ (မြို့တော်၀န်)နှင့် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်၀န်)၊ အတွင်းရေးမှူးနှင့် ဌာနမှူးများပါ၀င်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သတင်းရရှိသည်။

လဲ့လဲ့ (ပြန်/ဆက်)