ဘဏ္ဍာရေးစာရင်းကိုင်(၄)ဝန်ထမ်းများ အရည်အသွေးမြှင့် မွမ်းမံသင်တန်းအမှတ်စဉ် (၃/၂၀၂၅) သင်တန်းဖွင့်ပွဲကျင်းပ

ပြင်ဦးလွင်  မတ်   ၁၉ 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ပြင်ဦးလွင်ခရိုင်၊ လျှပ်စစ်မန်နေဂျာရုံးတွင် စာရင်းကိုင်(၄) အရည်အသွေးမြှင့်မွမ်းမံသင်တန်း အမှတ်စဉ်(၃/၂၀၂၅)သင်တန်းဖွင့်ပွဲကို မတ်လ ၁၇ ရက်နေ့နံနက်ပိုင်းက ခရိုင်လျှပ်စစ်မန်နေဂျာရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဌာနကြီးမှူးများ၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများနှင့် သင်တန်းသူများတက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲတွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ဒါရိုက်တာအဖွဲ့ဝင်(၂) ဦးထွန်းထွန်းဆွေမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး  မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အထွေထွေမန်နေဂျာ(ဘဏ္ဍာ)နှင့် တာဝန်ရှိသူများက ငွေစာရင်းထိန်းသိမ်းခြင်း၊ လချုပ်၊ နှစ်ချုပ်ရေးဆွဲခြင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ သင်ကြားခြင်းနှင့် သင်ကြားပို့ချမှု ဆန်းစစ်ခြင်းဆိုင်ရာများကို စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချခဲ့သည်။

အဆိုပါသင်တန်းသို့ ပြင်ဦးလွင်ခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများမှ ဘဏ္ဍာရေးစာရင်းကိုင်(၄) ဝန်ထမ်း(၃၀)ဦးအား (၁၇-၃-၂၀၂၅) ရက်နေ့မှ (၂၈-၃-၂၀၂၅) ရက်နေ့အထိ ရက်သတ္တပတ်(၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)